Monday, November 10, 2014

ချစ်ရသူသို့

ရင်ထဲမှာပြည့်နက်နေတဲ့အလွမ်းတွေကို
နင့်နင့်သီးသီးနဲ့ခံစားလာရတိုင်း
ဝမ်းနည်းခြင်းတိမ်စိုင်တွေငါ့ပါးပြင်ပေါ်
ပြိုပြိုကျလာခဲ့တယ်။
အဲဒီမျက်ရည်တွေကိုဆုံစည်းမှုတစ်ခုအတွက်
စတေးနေရတယ်ဆိုရင်လည်းနေပါစေ
ငါ့ရင်တွေကွဲပြီးမှနင်နဲ့မဆုံစည်းချင်လို့ပါ။
တစ်ယောက်တည်းဆုပုံပြီး
ခံစားလာခဲ့ရသမျှတွေကိုရင်နာနာနဲ့ပဲ
ငါ့ကိုယ်ငါဖြေသိမ့်လိုက်ပါ့မယ်။
အလွမ်းဆိပ်စိမ်ထားတဲ့ဒီနယ်မြေထဲမှာတော့
ငါဆက်လက်မရှင်သန်ချင်တော့ပါဘူး။
ဒါပေမယ့်........
ဘယ်သူမှမသိလိုက်တဲ့ငါ့ရဲ့အချစ်တွေကိုတော့
ကဗျာတွေစာတွေထဲမှာပဲ
စုတ်ချက်မညီမညာနဲ့ငါရေးထိုးနေမယ်။
အဲဒီနောက်တော့
ငါ့အချစ်တွေနင်နဲ့ပတ်သက်သမျှ
လွမ်းခဲ့ရတာတွေကိုနင်သိလာလေ့မယ်။
ခုတော့ငါ့အချစ်တွေထဲကမြတ်နိုးခဲ့တဲ့
နှလုံးသားတစ်ခုငါမဟုတ်တဲ့
တစ်ခြားသူရင်ခွင်ထဲလှည့်ထွက်သွားတာကို
ငါငေးကြည့်နေမိရုံကလွဲပြီး
နင့်ကိုငါတားပိုင်ခွင့်မရှိပါဘူးချစ်သူ။
ဒါပေမယ့်ငါနင့်ကိုပြောနိုင်တာတစ်ခုက
နင်ငါ့လိုခံစားလာရတိုင်း
ဝမ်းနည်းကြေကွဲမှုတွေကြုံတွေ့လာတိုင်း
အားငယ်မှုတွေနဲ့ပြည့်နက်နေတိုင်း
နင်ငါ့ကိုရင်ဖွင့်နိုင်ပါတယ်။
နင့်အတွက်ဘာမဆိုအဆင်သင့်ဖြစ်နေဖို့
ငါ့ကိုယ်ငါပြင်ဆင်နေရင်းနဲ့
နင်နဲ့ဝေးရာအရပ်တစ်ခုမှာအကျည်းတန်မှုတွေနဲ့
ဆက်လက်မျောပါရင်း
ငါနင့်ကိုမျှော်လင့်နေပါ့မယ်ချစ်သူရယ်.......။

                                 ခန့်လေး(ပြည်)

No comments:

Post a Comment