(ရင်ခွင်ထဲကထွက်ခွာသွားသူသို့)
မြတ်နိုးမိလို့သတိရတယ်ဆိုတာထက်
အရမ်းလွမ်းလို့
အရမ်းချစ်မိတယ်ဆိုတာက
ငါ့အတွက်ပိုမှန်လေ့မယ်ချစ်သူ။
နင်ငါ့ရှေ့ကထွက်ခွာသွားတဲ့
နေ့ကစလို့
ငါနင့်ကိုလွမ်းပြီးရင်းလွမ်းနေခဲ့ရတာပါ။
အဲဒီအလွမ်းတွေခြေရာချင်းထပ်နေတဲ့
ငါ့နှလုံးသားက
နင့်ကိုတမ်းတမ်းတတနဲ့အော်ခေါ်မိတိုင်း
တစ်စစ်စစ်နဲ့နာကျင်လာရဲ့.....။
ပြန်မလာနိုင်တော့တဲ့
နင့်ချစ်ခြင်းတစ်ချို့ကိုမျှော်လင့်စွာနဲ့
ဖြတ်သန်းလာတဲ့အချိန်တွေဟာ
အနှစ်နှစ်အလလပေါ့ချစ်သူ။
ခုချိန်မှာတော့ကွယ်
ငါမပိုင်တဲ့ပန်းတစ်ပွင့်ကို
နမ်းရှိုက်ခွင့်မရှိတော့သလို
ခူးခြွေခွင့်လည်းမရှိတော့ပါဘူး။
ဒါပေမယ့်
နင်ထွက်သွားရာနောက်
လိုက်ပါသွားတဲ့ငါ့ရဲ့အချစ်တွေကိုတော့
နင့်အတွက်ထာဝရ
ပေးဆပ်လိုက်ပါရစေ........။
ခန့်လေး