(ချစ်သူသိပါစေ)
အလွမ်းတွေအပြည့်နဲ့
ငါ့ရဲ့ညနေခင်းတွေမှာ
အသံကုန်အော်ဟစ်ပြီး
နင်ကြားနိုင်အောင်
ရင်ဖွင့်လိုက်ချင်ပေမယ့်
ငါ့နှုတ်ဖျားကစွံ့အနေခဲ့တယ်။
မရေရာမသေချာခဲ့တဲ့
ချစ်ခြင်းရဲ့မြူမှုန်တွေကြားမှာ
ငါတိုးဝင်ခဲ့မိလို့
ငါ့နှလုံးသားတစ်ခုလုံး
အလွမ်းမှိုင်းအတိုက်ခံခဲ့ရတာလား...။
ငါသေချာမသိခဲ့ဘူး
ဝေခွဲမရခဲ့ဘူးချစ်သူရယ်....။
အလွမ်းခြေရာချင်း
အပ်ကြောင်းထပ်နေတဲ့
ငါ့နှလုံးသာပေါ်မှာရေးထိုးထားတဲ့
နင့်နာမ်မယ်တစ်ခု
ခုချိန်ထိစွဲထင်နေတုန်းပဲ...။
တစ်ခါတလေမှာ
နင့်နာမ်မယ်ကိုနာနာကျင်ကျင်နဲ့
အော်ခေါ်မိတိုင်း
ငါ့မျက်ဝန်းတွေညို့ညို့လာခဲ့တယ်။
အချိန်မတန်သေးဘဲ
ရွာချလိုက်တဲ့မိုးလိုပေါ့
ဘယ်ကမှန်းမသိဘဲ
ဝင်ရောက်လာတဲ့အမုန်းတွေကြောင့်
ငါ့ပါးပြင်မှာကျဆင်းသွားတဲ့
မျက်ရည်စတွေကရော
မိုးမကြိုခင်ပြိုကျလိုက်တဲ့
တိမ်ဆိုင်တွေရဲ့ငွေ့ရည်တွေလား
ချစ်သူရယ်.........။
လမ်းမခွဲချင်ပဲနှုတ်ဆက်လိုက်ရတဲ့
ငါ့နှလုံးသားရဲ့အဖြစ်ကို
ဝမ်းနည်းခြင်းတွေရဲ့အိပ်မက်တွေနဲ့
အလွမ်းသင့်နယ်မြေထဲမှာ
ခုချိန်ထိမျြုပ်နှံထားရတုန်းပဲဆိုတာ
နင်သိစေချင်တာပါအချစ်ရယ်......။
ခန့်လေး