အလွမ်းကဗျာများ
Monday, May 23, 2016
Thursday, September 24, 2015
ဖေဖေ
ဖေဖေ ဟိုးးမှာကြည့်ပါအုံး
သူများတွေကမိစုံဖစုံနဲ့ကြည်နူး
ပျော်ရွှင်နေကြတာ........
မေမေဒီမှာကြည့်ပါအုံးလား
သူငယ်ချင်းတွေက သူ့အမေရင်ခွင်ထဲမှာ
စိုးနွဲ့နေကြတာ........ဒါပေမယ့်မေမေရယ်
သားဘဝလေးထဲမှာ ဖေဖေခေါ်စရာမရှိဘူး
မေမေရယ်လို့ရင်ကိုတိုးဝှေ့
ဆိုးနွဲ့စရာ မေမေမရှိဘူး။
လူမသိသူမသိ ငိုခဲ့ရတဲ့ရက်တွေက
သားအတွက်မရေတွက်နိုင်တော့ပါဘူး
ဖြစ်သလိုနေဖြစ်သလိုစားဘဝနဲ့
ရုန်းကန်လာရတဲ့ဘဝတစ်လျှောက်လုံး
လူလုံးမလှတဲ့သားအတွက်
အကျည်းတန် လှတဲ့ဝဏ်ကမ္ဘာထဲမှာ
အကျဉ်းချထားသလိုပါပဲမေမေရယ်....။
မိဘမဲ့ရယ်လို့လူတွေနှုတ်ဖျားက
စကားသံတွေက သားအတွက်
ရင်ဘတ်ကိုဓါးနဲ့ထိုးသလိုခံစားရတယ်
တမြေ့မြေ့နဲ့သားရင်ထဲမှာ
နာကျင်လာတိုင်းအတိတ်ကိုပြန်မြင်မိတယ်။
တော်ပါပြီမေမေရယ်
ဒီစာကိုဆက်ရေးဖို့
ငိုစရာမျက်ရည်တွေသားအတွက်
မကျန်ရှိတော့လောက်အောင်
ခမ်းခြောက်နေပါပြီ......။
မေမေရေလို့ အော်ခေါ်ချင်ပေမယ့်လည်း
သားရဲ့ဖေဖေနဲ့မေမေ
ကလေးဘဝထဲက သားရဲ့အနားက
ထွက်သွားခဲ့ကြပီလေ......
ဝဋ်ကြွေးသာဆိုရင်မေမေရယ်
သားဆုတောင်းပါတယ်
နောင်ဘဝဆက်တိုင်း
ပျော်ရွှင်တဲ့မိသားစုဘဝကို
ပိုင်ဆိုင်ပါရစေလို့..........................။
Credit:: Khant Lay
သူများတွေကမိစုံဖစုံနဲ့ကြည်နူး
ပျော်ရွှင်နေကြတာ........
မေမေဒီမှာကြည့်ပါအုံးလား
သူငယ်ချင်းတွေက သူ့အမေရင်ခွင်ထဲမှာ
စိုးနွဲ့နေကြတာ........ဒါပေမယ့်မေမေရယ်
သားဘဝလေးထဲမှာ ဖေဖေခေါ်စရာမရှိဘူး
မေမေရယ်လို့ရင်ကိုတိုးဝှေ့
ဆိုးနွဲ့စရာ မေမေမရှိဘူး။
လူမသိသူမသိ ငိုခဲ့ရတဲ့ရက်တွေက
သားအတွက်မရေတွက်နိုင်တော့ပါဘူး
ဖြစ်သလိုနေဖြစ်သလိုစားဘဝနဲ့
ရုန်းကန်လာရတဲ့ဘဝတစ်လျှောက်လုံး
လူလုံးမလှတဲ့သားအတွက်
အကျည်းတန် လှတဲ့ဝဏ်ကမ္ဘာထဲမှာ
အကျဉ်းချထားသလိုပါပဲမေမေရယ်....။
မိဘမဲ့ရယ်လို့လူတွေနှုတ်ဖျားက
စကားသံတွေက သားအတွက်
ရင်ဘတ်ကိုဓါးနဲ့ထိုးသလိုခံစားရတယ်
တမြေ့မြေ့နဲ့သားရင်ထဲမှာ
နာကျင်လာတိုင်းအတိတ်ကိုပြန်မြင်မိတယ်။
တော်ပါပြီမေမေရယ်
ဒီစာကိုဆက်ရေးဖို့
ငိုစရာမျက်ရည်တွေသားအတွက်
မကျန်ရှိတော့လောက်အောင်
ခမ်းခြောက်နေပါပြီ......။
မေမေရေလို့ အော်ခေါ်ချင်ပေမယ့်လည်း
သားရဲ့ဖေဖေနဲ့မေမေ
ကလေးဘဝထဲက သားရဲ့အနားက
ထွက်သွားခဲ့ကြပီလေ......
ဝဋ်ကြွေးသာဆိုရင်မေမေရယ်
သားဆုတောင်းပါတယ်
နောင်ဘဝဆက်တိုင်း
ပျော်ရွှင်တဲ့မိသားစုဘဝကို
ပိုင်ဆိုင်ပါရစေလို့..........................။
Credit:: Khant Lay
Saturday, August 8, 2015
မုန်းလို့တော့မဟုတ်ပါဘူး
အပိမက်တွေဆက်မမက်ချင်တော့လို့
ထွက်သွားပေးလိုက်တာပါ။
အရမ်းချစ်ခဲ့လို့လဲမဟုတ်ပြန်ဘူး
နားထောင်စရာပုံပြင်တွေ
များနေမှာဆိုးလို့
လမ်းခွဲပေးလိုက်တာပါ.............။
တကယ်တော့
အချစ်ဆိုတဲ့မာယာကျော့ကွင်းထဲမှာ
ညွှတ်ကွင်းမိသွားတဲ့
ငါ့ဝဲဘက်ရင်အုံအောက်က
နှလုံးသားကို
လွတ်ညိမ်းချမ်းသာခွင့်ပေးလိုက်တာပါ။
Credit,:Khant Lay(Pyay)
အပိမက်တွေဆက်မမက်ချင်တော့လို့
ထွက်သွားပေးလိုက်တာပါ။
အရမ်းချစ်ခဲ့လို့လဲမဟုတ်ပြန်ဘူး
နားထောင်စရာပုံပြင်တွေ
များနေမှာဆိုးလို့
လမ်းခွဲပေးလိုက်တာပါ.............။
တကယ်တော့
အချစ်ဆိုတဲ့မာယာကျော့ကွင်းထဲမှာ
ညွှတ်ကွင်းမိသွားတဲ့
ငါ့ဝဲဘက်ရင်အုံအောက်က
နှလုံးသားကို
လွတ်ညိမ်းချမ်းသာခွင့်ပေးလိုက်တာပါ။
Credit,:Khant Lay(Pyay)
Saturday, January 10, 2015
Saturday, December 6, 2014
Saturday, November 29, 2014
နင့်အတွက်ပါ
နင်ပျော်ရွှင်မယ်ဆိုရင်
ထွက်သွားပါ။
နင်အားငယ်လာတဲ့အခါ
ငါ့ရင်ခွင်ထဲချွေးသိပ်လှည့်ပါ။
နင်မှေးစက်ချင်တဲ့အခါ
ငါ့ပခုံးသားထက်
ပါးအပ်လို့
မှေးစက်လှည့်ပါချစ်သူရယ်.....။
Tuesday, November 18, 2014
နင့်အတွက်ဆိုရင်
ငါသိခဲ့ပါပြီချစ်သူရယ်
ဘယ်လိုမှမဖြစ်နိုင်တော့တဲ့
ငါ့အတွက်
နင့်ရှီကအချစ်တွေကို
မျှော်လင့်မနေတော့ပါဘူး.....။
တကယ်ပါ
ငါနင့်ကိုစောင့်စားခဲ့တဲ့အချိန်တိုင်း
နင့်အကြောင်းလေးတွေတွေးပြီး
နင့်ဓါတ်ပုံလေးတွေထုတ်ထုတ်ကြည့်လို့
ငါနင့်ကိုတိတ်တိတ်ကလေး
လွမ်းနေခဲ့တာပါ......။
နောက်ဆုံး
နင်ကမုန်းလိုက်ပါလို့ပြောရင်
ငါနင့်ကိုမုန်းလိုက်ပါ့မယ်။
နင်ကမချစ်နဲ့တော့လို့ပြောရင်
ငါနင့်ကိုမချစ်တော့ပါဘူး။
နင်ကငါ့ကိုမတွေ့ချင်ပါဘူးဆိုရင်တောင်
နင်နဲ့ဆုံရာလမ်းမှာ
ငါနောက်ပြန်လှည့်လို့
တခြားလမ်းကသွားပါ့မယ်ချစ်သူ။
ဒါပေမယ့်
ငါသွားမယ့်လမ်းဟာ
ဆူးခင်းလမ်းပဲဖြစ်ပါရစေ....။
ဘာလို့လဲဆိုတော့
ငါ့လိုမျိုးနင့်ကိုမနာကျင်စေချင်လို့ပါ။
ခုတော့နင်နဲ့ပတ်သတ်ပြီး
ငါနားလည်သွားပါပြီ........
နင်ပျော်ရွှင်ဖို့အတွက်ဆိုရင်
ငါ့အသည်းတွေမွကြေသွားလည်း
ငါဂရုမစိုက်တော့ပါဘူး.......။
ငါနင့်ကိုလွမ်းလွန်းလို့
ငါ့မျက်ရည်တွေကုန်ခမ်းသွားရင်လည်း
နေပါစေ...................။
နောက်ဆုံးဆိုတဲ့အချိန်ထိ
နင့်အတွက်ငါ့အသည်းတွေမွကြေခံပြီး
နင့်မသိအောင်တိတ်တိတ်ကလေးနေပီး
နင်နဲ့အဝေးဆုံးမှာ
ကျန်ခဲ့မယ့်သူပါချစ်သူရယ်.........။
Romeo (ခန့်လေး)
Subscribe to:
Posts (Atom)